Local News

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ စီးပွားရေးသံမှူးများအား တွေ့ဆုံမှာကြားခြင်း (23.10.2020)

Last Updated:

 

စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးများသည် ပြည်ပနိုင်ငံ (၉)နိုင်ငံတွင် တာဝန်ထမ်းဆောင် နေသော မြန်မာစီးပွားရေးသံမှူး(၁၁)ဦးနှင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားခြင်းဆွေးနွေးပွဲကို Zoom Application အသုံးပြု၍ ၂၃-၁၀-၂၀၂၀ ရက်နေ့တွင် ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို စဉ်ဆက်မပြတ်လေ့လာရန်၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိနိုင်ငံထုတ်ကုန်များ၊ ပို့ကုန်အမယ်သစ်များတင်ပို့နိုင်ရန်အလားအလားများကို ရှာဖွေဖေါ်ထုတ် ရန်၊  Covid – 19 ကပ်ရောဂါကာလတွင် ရောက်ရှိရာနိုင်ငံ/ဒေသများ၏ စီးပွားရေးကုစားမှု အစီအစဉ် (recovery plan)များ၏ ကန့်သတ်ချက်များ၊ မူဝါဒများ လေ့လာတင်ပြရန်၊ ရင်းနှီး မြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ သတင်းအချက်အလက်များရရှိရေး၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။    

ဆက်လက်၍ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများ က ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှု၊ ချိတ်ဆက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ အခြားနိုင်ငံများ၏ နိုင်ငံခြားစီးပွားရေးသံမှူးများသည် သံမှူးရုံး၊ ဒေသနဲ့ ဝန်ထမ်း၊ ယာဉ်စသည့် ဖွဲ့စည်းမှုဖြင့် သီးခြားဆောင်ရွက်သကဲ့သို့ မိမိနိုင်ငံမှစီးပွားရေးသံမှူးများသည် အနာဂတ်တွင် ထိုကဲ့သို့ဖြစ်စေရန် ရည်မှန်းပြီး ပြည်သူနှင့် အခြားဝန်ကြီးဌာနများမှ အားကိုးလာစေရန် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သစ်သီးဝလံ၊ ဆန်တင်ပို့နိုင်သည့်လားအလာ၊ မြန်မာ အလုပ်သမား များအလုပ်အကိုင်ရရှိရေး၊ အလေးထားရန်၊ အပါအဝင် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

 

မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

         

Category: Local News